Thursday, December 22, 2016

ကြည့်ပေမယ့်မမြင်

        ကြည့်ပေမယ့်မမြင်

လူတစ်ယောက်ရဲ့ရီသံတွေဟာ
ခြောက်ကပ်လာလို့ပေါ့
အက်ကွဲကုန်တယ် … …

နှလုံးသားအစိတ်အပိုင်းတွေကို
အတိတ်ရိုင်းကနယ်လာချဲ့တော့
အထိတ်တလန့်လေးပါပဲ … …
ကိုယ်နေခဲ့ရတယ် ,

စကားလုံးမရှိတဲ့ မျက်နှာတွေကို
ဘယ်လိုဖော်ကြူးလို့ … …
သတ်မှတ်ချက်ပေးနိုင်မလဲ
သူရီတာ  ကိုယ်ကြားပေမယ့်
သူမြင်တာ  ကိုယ်မမြင်တော့
သူရှိပေမယ့်   သူမရှိသလိုပါပဲ ။ ။ ။

ညမင်းကြယ်တံခွန်

No comments:

Post a Comment