Thursday, December 22, 2016

ရွာသွန်းစဲပါ { ရတု }

ရွာသွန်းစဲပါ { ရတု }

 ခြောက်ခြောက်သွေ့သွေ့ ၊ ဟောင်းဆွေးမြေ့တဲ့
ပြောင်းရွေ့မရ  ၊ ဆောင်းနှင်းဝေမြူး
ညင်းလေဖြူးစိမ့် ၊ ဟုန်ကူးပစ်ခတ်
တုန်ရီဟက်ကွဲ   ၊ အေးခဲ အေးခဲ
ရင်သဲလွှာ နှင်းမှုန်ပတ်ဖျန်း အေးစက်စဲ ။

ပျောက်ပျောက်ရွေ့ရွေ့ ၊ ရာသီမေ့ကာ
သူ့ကိုသာလျှင်  ၊ ငြင်သာစွဲလို့
 ရှစ်အို ကိုးအို   ၊ ရင်ဖိုနေခဲ့
 အပြုံးမဲ့သော   ၊ နေခဲ့တဲ့ ''ရက် ''
မျှင်ဆက်လွှာ ရစ်ပတ်ဆွဲ ဝေးကွာစဲ ။

ဟောင်းဟောင်းမေ့မေ့ ၊ ဖျောက်ရွေ့နေရင်း
နှင်းလေခင်းလို့  ၊ ထင်းဆင်းစွာဖြင့်
ရင်မှာနင့်ကာ   ၊ ချစ်လာသည့်လွမ်း
ဒီလူနမ်းမယ်    ၊ နေကွယ် ရင်ထဲ
ချစ်သဲရေ  ဘဝင်မိုးသား  ရွာဖြိုးစဲ ။

   ညမင်းကြယ်တံခွန်

No comments:

Post a Comment