အချစ်သစ်အိုခြောက်
အသက်ထွက်မတတ်
ချစ်မိခဲ့တဲ့ -- ဒီအချစ်
နောက်ဆုံးတော့ . . .
ကျွန်ဝင်နစ်ခဲ့ရပြီ , သစ္စာ ။
အရှို က်ခက်မတတ်
ငိုမိခဲ့တဲ့ -- ဒီအလွမ်း
နောက်ဆုံးထိ . . . .
မြည်တမ်းကျွမ်းခဲ့ရပြီ , သစ္စာ ။
အရွက်ကင်းမဲ့သစ်အိုခြောက်ရဲ့
အသက်အငွေ့တွေ
တနေ့တမနက်ကို -- နူတ်ဆက်
နောက်ဆုံးကောင်းကင်မှာ
သူ့မျက်ရည်စက် , တင်ကျန်လေခဲ့ပြီ ။
ညမင်းကြယ်တံခွန်
No comments:
Post a Comment